Fourth of July history - http://www.fourthofjulytext.com

Saturday, 25 February 2012

အစိုးရနဲ့ မွန်ပြည်သစ်ပါတီ ၄၅ ရက်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စမယ်

2012-02-25
မြန်မာအစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပဖို့ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ရော့စ တို့ မော်လမြိုင်မြို့မှာ ဒီကနေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
RFA
မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မော်လမြိုင်မြို့တွင် ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးစဉ်။
အခုလို အောင်မြင်မှုအတွက် အားရဝမ်းသာ ဖြစ်ရပါတယ်လို့ မြန်မာ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းက RFA ကို ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာဟာ ကောင်းမွန်တိုးတက်ပြီး ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝမယ်လို့ သူ ယုံကြည်ကြောင်းလည်း ဝန်ကြီးဦးအောင်မင်းက ပြောပါတယ်။

ဒီကနေ့ သဘောတူညီချက်အရ မြန်မာအစိုးရနဲ့ မွန်ပြည်သစ်ပါတီအကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေကို ၄၅ ရက်အတွင်း ကျင်းပမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment