Fourth of July history - http://www.fourthofjulytext.com

Saturday, 25 February 2012

၈၈ မျိုးဆက်တွေကို မန္တလေးဒေသခံတွေ ကြိုဆို

2012-02-25
မြန်မာနိုင်ငံမှာ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးခရီးစဉ်အဖြစ် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အဖွဲ့ ၁၁ ဦးဟာ မြစ်ကြီးနားမြို့က နေ မန္တလေးမြို့ကို ဒီကနေ့ ညနေ ၄ နာရီခွဲက ရောက်ရှိလာပါတယ်။
88 generation students
ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ မြစ်ကြီးနားမြို့ခံများနှင့် တွေ့ဆုံစဉ်။
ကိုမင်းကိုနိုင်နဲ့ အဖွဲ့ကို မန္တလေးမြို့က ကျောင်းသားတွေ၊ လူရွှင်တော် ဦးပါပါလေးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအဝင် ဒေသခံ အင်အား ၁ ရာလောက်က ကြိုဆိုခဲ့ကြပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ မန္တလေးခရီးစဉ်မှာ မဟာဂန္ဓာရုံ ဆရာတော်၊ ဘဝအလင်း ဆရာတော်နဲ့ မစိုးရိမ် ဆရာတော် တို့ကို သွားရောက် ဖူးမျှော်မယ်လို့ သိရပါတယ်။ အဲဒီနောက် ရမည်းသင်းမြို့မှာ ရွှေညဝါဆရာတော် တည်ထားတဲ့ ရွှေဘုရား ထီးတင်ပွဲကို မနက်ဖြန် သွားရောက်ပြီး မြင်းခြံကို ခရီးဆက်မယ်လို့ သိရပါတယ်။ မန္တလေးမြို့ကို ပြန်ရောက်တဲ့အခါ ၂၈ ရက်နေ့မှာ မန္တလေး ပြည်သူလူထုနဲ့ အိုရီရင်တယ် ဟောက်စ် မှာ ညနေ ၃ နာရီမှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ ကိုမင်းကိုနိုင်နဲ့ ဆက်သွယ်မေးမြန်းခန်းကို နားဆင်နိုင်ပါတယ်။

No comments:

Post a Comment