Fourth of July history - http://www.fourthofjulytext.com

Thursday, 23 February 2012

မြန်မာဟိုတယ်ဝန်ထမ်း အရိုက်ခံရမှု ဥပဒေနဲ့အညီ ဆောင်ရွက်စေလို

2012-02-23
ဇန္နဝါရီ ၂၈ ရက်ညက ရန်ကုန် ပုဇွန်တောင် Orchid Hotel မှာ တည်းခိုနေတဲ့ ဂျပန် အမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး ဝန်ထမ်းတစ်ဦးကို ပါးရိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ဆောင်ရွက်မှုတွေဟာ ဥပဒေနဲ့ ညီညွတ်ခြင်း ကင်းမဲ့နေတယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောပါတယ်။
Photos courtesy of orchid hotel website
ရန်ကုန်မြို့ ပုဇွန်တောင်ရှိ Orchid Hotel
အခင်းဖြစ်ပွားတဲ့ညက ဧည့်သည် ဂျပန်အမျိုးသားဟာ ပြင်ပက မြန်မာအမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာစဉ်မှာ ဟိုတယ်ဝန်ထမ်းတွေ တားမြစ်ရာက အခုလို ဖြစ်ပွားခဲ့တာပါ ။ အရိုက်ခံရသူ Orchid Hotel ဝန်ထမ်း မအေးအေးကြည်က ပုဇွန်တောင်ရဲစခန်းမှာ စတင် တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းမှာ ဂျပန်အမျိုးသား Mr. Okahashi Takashi ကလည်း သူ့ကို ဟိုတယ်ဝန်ထမ်းတွေက အကြမ်းဖက် တားဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြန်လည် တရားစွဲခဲ့ပါတယ်။ လောလောဆယ်မှာ Orchid Hotel ဝန်ထမ်း မအေးအေးကြည်နဲ့ မမေဦးလှိုင်တို့ တစ်ဦးကို ကျပ်သိန်း ၁၀၀ စီ အာမခံ တင်ထားရပြီး ဂျပန်အမျိုးသားကလည်း ကျပ်သိန်း ၁၀၀ အာမခံ တင်ထားရကြောင်း သိရပါတယ်။ ဒီအမှုကို ဖေဖော်ဝါရီ ၂၉ ရက်မှာ ထပ်မံကြားနာမှာ ဖြစ်ပါတယ်။ အမှုရဲ့ နောက်ဆုံး အခြေအနေတွေကို ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ဆက်ထားပါတယ် ။

No comments:

Post a Comment