မန်းငြိမ်းမောင်အမှု ပြည်ထောင်စုဝန်ကြီးကို သက်သေတင်တာ ပယ်ချခံရ
2012-02-23
KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် အမှုနဲ့ပတ်သက်ပြီး
သက်သေများအဖြစ် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ နေပြည်တော်
အရာရှိကြီး လေးဦးကို ခေါ်ယူဖို့ တရားခံဘက်က တင်သွင်းခဲ့တာကို
အင်းစိန် အထူးတရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
RFA
KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်
ပြီးခဲ့တဲ့ ကြာသာပတေးနေ့ အမှုချိန်းမှာ ဖဒိုမန်းငြိမ်းမောင်ရဲ့ရှေ့နေက
ဝန်ကြီး ဦးအောင်မင်း၊ နေပြည်တော်က အရာရှိကြီးလေးဦး၊ အင်းစိန်ထောင်ပိုင်
နှစ်ဦးနဲ့ တောင်ကလေးဆရာတော် ဘဒ္ဒ န္တ ပညာသာမိတို့ကို
သက်သေအဖြစ် တင်ခဲ့ပါတယ်။ တရားရုံးက အင်းစိန်ထောင်ပိုင် နှစ်ဦးကိုသာ
ခွင့်ပြုပြီး ကျန်တရားခံပြသက်သေ ခြောက်ဦးကို လက်မခံဘဲ
ငြင်းပယ်လိုက်ပါတယ်။ အခုပယ်ချလိုက်တဲ့ သက်သေတွေဟာ KNU အဖွဲ့နဲ့
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖဒိုမန်းငြိမ်းမောင်ဆီက အကြံဉာဏ်များ ရယူ
ညှိနှိုင်းခဲ့တဲ့ အရာရှိတွေလို့ မန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က
ပြောပါတယ်။
သက်သေတွေကို ပယ်ချတာနဲ့ပတ်သက်ပြီး အမူကြန့်ကြာမှာ စိုးရိမ်တာရယ်၊
တရားခံဘက်က ခေါ်ယူတဲ့ သက်သေတွေအနက် နေပြည်တော်က လာရောက်ပြီး
အင်းစိန်ထောင်တွင်းမှာ မန်းငြိမ်းမောင်ကို တွေ့ဆုံခဲ့တယ်
ဆိုတဲ့ အရာရှိကြီးများရဲ့အမည်ကို မန်းငြိမ်းမောင် ကိုယ်တိုင်မသိလို့
သက်သေအမည် ဖော်ပြပြီး လျှောက်ထားနိုင်ခြင်း မရှိတာရယ်ကြောင့် ဖြစ်တယ်လို့
ဦးကြီးမြင့်က ပြောပါတယ်။
ပယ်ချလိုက်တဲ့ သက်သေတစ်ဦးဖြစ်တဲ့ တောင်လေးလုံး ဆရာတော်ကိုတော့
မိမိအစီအစဉ်နဲ့ ခေါ်ယူနိုင်ရင် ခေါ်ယူဖို့ ခြွင်းချက်နဲ့ ခွင့်ပြုတယ်လို့
ဦးကြီးမြင့်က ပြောပါတယ်။ ဒါ့အပြင် အင်းစိန်ထောင်ပိုင်ကြီးနှစ်ဦးကို
သက်သေခေါ်ခွင့်ပေးတာကြောင့် မတ်လ ၁ ရက် အမှုချိန်းမှာ စစ်ဆေးမှာဖြစ်ပြီး
နေပြည်တော်က အရာရှိများ ဖဒိုမန်းငြိမ်းမောင်ကို လာတွေ့ကြောင်း
ထောင်မှတ်တမ်း စာအုပ်များကို ယူလာဖို့လည်း မိမိတို့ဘက်က
မှာကြားလိုက်ကြောင်း ပြောပြပါတယ်။
No comments:
Post a Comment