Fourth of July history - http://www.fourthofjulytext.com

Friday, 9 March 2012


ဗီယက်နမ် ကုမ္ပဏီ ၆၀ ကျော် မြန်မာပြည် လာမည်

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဗီယက်နမ်နိုင်ငံမှ စီးပွားရေးကုမ္ပဏီ ၆၀ ကျော်သည် မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ပြော သည်။

၂ဝဝ၇ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည့် ဗီယက်နမ်နိုင်ငံမှ
လေ့လာစရာများ ရှိနေသည်ဟု UMFCCI ၏ တွဲဖက် အတွင်းရေးမှူး (၁) ဒေါက်တာ မောင်မောင်လေး က မဇ္ဈိမကို
ပြောသည်။

"လာမယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာတော့ Schedules တွေ မရှိသေးပါဘူး။ သူတို့ဆီ ကလည်း ကျနော်တို့က We have to learn from them လေ။ သူတို့က ကျနော်တို့ရှေ့က အရင်သွားနေပြီးတော့
ပြုပြင်ပြောင်းလဲမှု လုပ်ထားတာကိုး။ ကျနော်တို့က ပြုပြင်ပြောင်းလဲမှုက အခုမှလုပ်တော့ သူတို့ထက် နောက်ကျနေပြီ။ သူတို့ဆီက ယူစရာလေးတွေ အများကြီးရှိပါတယ်" ဟု ပြောသည်။

အဆိုပါ ကုမ္ပဏီ ၆၀ ကျော်၏ စီးပွားရေး လုပ်ငန်းရှင်များကို ဟိုချီမင်းမြို့တော် ကွန်မြူနစ်ပါတီကော်မတီ၏ အတွင်းရေးမှူး Le Thanh Hai က ဦးဆောင်မည်ဟုလည်း Viet Nam News အင်တာနက် စာမျက်နှာတွင်
ဖေါ်ပြပါရှိသည်။

ဗီယက်နမ်နိုင်ငံမှ အထည်အလိပ်၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက် ကုန်နှင့် သစ်တောထွက် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့နေသည်ဟုလည်း ဗီယက်နမ် ကုန်သွယ်မှု အဖွဲ့၏ စီးပွားရေးပညာရှင် Pham Tat Thang ကို ကိုးကား၍ အဆိုပါ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ၊ ဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၅၀ မှ သန်း ၅၀၀ အထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှု ရရှိထားသည်ဟု ဆိုသည်။

ဧပြီလ ပထမပတ်တွင်လည်း မြန်မာနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၁၄၀ ခန့် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး နေပြည်တော်တွင်အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရန်ရှိသည်ဟု ဒေါက်တာ မောင်မောင်လေးက
ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေး ပညာရှင်များ၊ အစိုးရ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ရန်ရှိသည်ဟု သိရသည်။

No comments:

Post a Comment