NLD ပါတီရန်ပုံငွေအတွက် ပန်းချီပညာရှင်များ ပြခန်းဖွင့်လှစ်
2012-03-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပုံငွေအတွက် ပန်းချီပြခန်းတစ်ခုကို ဗဟန်းမြို့နယ် မဟာစည်ရိပ်သာလမ်း တကောင်း အနုပညာပြခန်းမှာ ဒီနေ့ ဖွင့်လှစ်ပါတယ်။
ရန်ကုန်မြို့ ဒဂုံမြို့နယ်က Gallery 65
ပြခန်းမှာ စက်တင်ဘာလ ၂၂ ရက်ကနေ ၂၅ ရက်အထိကျင်းပတဲ့ မြစ်တစင်း၏ပုံရိပ်
အနုပညာပြပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
သွားရောက် ကြည့်ရှုနေစဉ်။
စိတ်ပါဝင်စားသူ ပန်းချီဆရာနဲ့ အနုပညာရှင်တွေက သူတို့ကိုယ်တိုင်
ရေးသားထားတဲ့ ပန်းချီကားတွေကို စုပေါင်းထည့်ဝင် ပြသထားကြောင်း
ဒီပန်းချီပြပွဲမှာ ဦးဆောင်ပါဝင်သူ ပန်းချီဆရာတစ်ဦးက ပြောပြပါတယ်။
စတင်ရည်ရွယ်တုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖားအံမြို့နယ် ရန်ပုံငွေအတွက် ရည်ရွယ်ခဲ့ပေမယ့် ပါဝင်ကူညီလာတဲ့ ပန်းချီကားတွေ များလာတာကြောင့် အဖွဲ့ချုပ်ရန်ပုံငွေပွဲအဖြစ် တိုးချဲ့စီစဉ်ခဲ့တာလို့ ဆိုပါတယ်။ ရောင်းလို့ရတဲ့ ပန်းချီကားတွေရဲ့ ၇၀ ရာခိုင်နှုန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရန်ပုံငွေအဖြစ်ထောက်ပံ့ဖို့ သတ်မှတ်ထားပါတယ်။
ဒါပေမယ့် ပန်းချီဆရာအတော်များများက အပြည့်လှူကြတာများတယ်လို့ သိရပါတယ်။ ဒီပန်းချီပြခန်းမှာ ရေဆေး၊ ဆီဆေး စတဲ့ပန်းချီလက်ရာမျိုးစုံ ကားပေါင်း ၁၀၀ ကျော် ပြသထားပါတယ်။

No comments:
Post a Comment