Fourth of July history - http://www.fourthofjulytext.com

Thursday, 8 March 2012

အစိုးရနှင့် KIO ရွှေလီ ၌ ထပ်မံဆွေးနွေး

 
Print Friendly
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့၌ ယနေ့တွေ့ ဆုံ၍ နိုင်ငံရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဆိုင်ရာများ ဆွေးနွေးကြောင်းသိရသည်။
တရုတ်နိုင်ငံ ရွှေလီမြို့၌ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ် ဦးအောင်သောင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားတို့ ဆွေးနွေးချက်များ အပြန်အလှန် ဖလှယ်နေစဉ် (ဓာတ်ပုံ - KIO)
KIO ဘက်မှတင်ပြဆွေးနွေးသော အချက်များ၌ ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ်အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာတွင် တိုက်ပွဲဖြစ်ပွားမှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်ရေး ပဋိပက္ခနှင့် နိုင်ငံရေး ဆိုင်ရာများကို မနက်ဖြန်တွင် ဆက်လက် ဆွေးနွေးမည်ဟု ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ၏ ဒု စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီ ကို ပြောသည်။
ဦးအောင်သောင်း ခေါင်းဆောင်သော အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် KIO ခေါင်းဆောင် များသည် စစ်ရေးပဋိပက္ခများ ထိန်းသိမ်းလျှော့ချပြီး ယုံကြည်မှုတည်ဆောက်၍ ပြေလည်ရေးများကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ယခုဆွေးနွေးပွဲသည် အပစ်အခတ်ရပ်စဲရေး အပါအ၀င် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုအဆင့် တ ခု ရောက် ရှိစေမည် ဖြစ်ပြီး မတ်လ ၈ ရက်မှ ၁၀ ရက်အထိဆွေးနွေးမည်ဟု ဦးအောင်သောင်း က ပြောဆိုကြောင်း မြန်မာတိုင်းမ်
ဂျာနယ် ၌ ရေးသားထားသည်။
အစိုးရတို့သည် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင်နေသော်လည်း တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားကြောင်း၊ ထိုသို့ ဖြစ် ပွားနေ ရခြင်းသည် နိုင်ငံရေးအရ ပြေလည်မှုမရှိခြင်းကြောင့်ဖြစ်၍ နိုင်ငံရေးအရ ဆွေးနွေးမှုကို ဦးစားပေးပြောနေရခြင်း ဖြစ်ကြောင်း KIA က ဆိုသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ ဦးအောင်သောင်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် KIO ခေါင်းဆောင်များသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ၂၉ ရက်နှင့်၂၀၁၂ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းတို့တွင်လည်း တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြသေးသည်။
KIOသည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ် အခတ် ရပ်စဲခဲ့သည်။ KIA နှင့်အစိုးရတို့ အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ၁၇ နှစ်ကြာမြင့်ခဲ့သည်။ ပြီးခဲ့သည့် နှစ် ဇွန်လမှ စတင် ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ရသည်။

No comments:

Post a Comment