Fourth of July history - http://www.fourthofjulytext.com

Monday, 19 March 2012


ပင်ပငွေလဲ ဈေးကွက် ဆက်ရှိနေဦးမည်

 
Print Friendly
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင် ပြောင်းလဲကျင့်သုံးရန် အစိုးရက စီစဉ်နေသော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ဥပဒေ၊ ကန့်သတ်ချက်နှင့် စည်းမျဉ်း စည်းကမ်းများကို ပြင်ဆင်ခြင်း မပြုလျှင် မှောင်ခိုဈေးကွက် ပျောက်သွားရန် မလွယ်ကူဟု ပြည်တွင်းစီးပွားရေး လေ့လာ သုံးသပ်သူများက စိုးရိမ်နေကြသည်။
CB ဘဏ်က ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ထားသော ငွေလဲစင်တာတခု (ဓာတ်ပုံ - chhankmm.com)
အစိုးရငွေလဲနှုန်း အမေရိကန် တဒေါ်လာလျှင် ရှစ်ရာကျပ် ပြောင်းလဲမှုကို လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ဖွယ်ရှိသော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းမှု လုပ်ဆောင်ခြင်းမရှိသေးဘဲ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ပါက ထောင်ဒဏ်ချမှတ် အရေးယူနိုင်သည်ဆိုသော ဥပဒေမှာ အသက်ဝင်နေဆဲဖြစ်သောကြောင့် လွတ်လပ်သည့် ဈေးကွက်အဖြစ် အကောင်အထည်ဖော်မည်ဆိုလျှင် အတားအဆီးဖြစ်နိုင်သည်ဟု ဆိုကြသည်။
“ကန့်သတ်ချက်များရင်၊ လိုအပ်တဲ့နည်းဥပဒေတွေ မပြင်ရင်တော့ ဘယ်လိုပဲ အစိုးရဘက်ကနေ ဒေါ်လာ ဈေးကို သတ်မှတ်ပြောင်း လဲပါစေ ပြင်ပဈေးကွက်က ဆက်ရှိဦးမယ်။ အရေးပါနေဦးမယ်။ ဈေးကွက်နှစ်ခု ပုံစံ နဲ့ ဆက်သွားနေရဦးမှာပဲ”ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ်ဟောင်းနှင့် ဘဏ္ဍာ- အခွန်ဝန်ကြီးဌာန၏ အကြံပေး ဦးမော်သန်းက ဆိုသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင် တဦးကလည်း တခုတည်းသော နိုင်ငံခြားငွေကြေးဈေးကွက်ဖြစ်ပေါ်လာရေး ပြင်ပဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားနေကြသော ဒေါ်လာ ၀ယ်ရောင်း ငွေလဲဒိုင်များကို လိုင်စင်များ ချထားပေးခြင်းကဲ့သို့ မက်လုံးများပေးခြင်းအားဖြင့် စွဲဆောင်စေသင့်ကြောင်း ပြောဆို သည်။
“အခုက နိုင်ငံခြားငွေကြေး လဲလှယ်လုပ်ကိုင်တဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကဘဏ်တွေကိုပဲ ပေးထားတယ်။ ဘဏ်တွေကလည်း Money Changer လုပ်ငန်းကို ပီပီပြင်ပြင်မလုပ်နိုင်ဘူး။ ဥပမာ- သိမ်ဖြူနိုင်ငံခြားငွေလဲ ကောင်တာမှာ ဒေါ်လာဝယ်တာပဲဖြစ်ဖြစ် ရောင်းတာပဲဖြစ်ဖြစ် လူတဦးကို ဒေါ်လာ နှစ်ရာအထိပဲ အရောင်းအ၀ယ်လုပ်လို့ရတယ်။ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တသောင်း အထိ ရောင်းလို့၊ ၀ယ်လို့ ရတယ်လို့ ပြောထားပေမယ့် ဘဏ်တွေက အကန့်အသတ်နဲ့ပဲ လုပ်နေကြတယ်။ အဲဒီတော့ ပြင်ပဈေးကွက် ကိုပဲ အားကိုးနေရတယ်”ဟု အဆိုပါ UMFCCI ဗဟိုအလုပ်အမှုဆောင်က ရှင်းပြသည်။
သိမ်ဖြူနိုင်ငံခြားငွေလဲကောင်တာ များတွင် ဖြစ်ပေါ်သော ငွေလဲနှုန်းနှင့် တရားမ၀င် ပြင်ပငွေဈေးကွက်တွင်ဖြစ်ပေါ်သော ငွေလဲနှုန်း မှာ ကွာခြားမှုအနည်းငယ်သာ ရှိသော်လည်း ကန့်သတ်ချက်များသော ငွေလဲကောင်တာများထက် စည်းကမ်းတင်းကြပ်မှု မရှိသော ပြင်ပငွေလွှဲကောင်တာများကို ကုန်သည်အသိုင်းအဝိုင်းက ပိုသဘောတွေ့နေဆဲဖြစ်ကြောင်း သိရသည်။
သို့ရာတွင် စိတ်ချယုံကြည်နိုင်မှုမှာ တရားဝင်ငွေလဲ ကောင်တာများက ပိုကြောင်း လေ့လာသူများက ဆိုသည်။
လတ်တလော ဈေးကွက်တွင် ဒေါ်လာဈေးနှုန်းက ကျဆင်းမည့်အနေအထား များနေပြီး လက်ရှိတွင် အမေရိကန်တဒေါ်လာလျှင် မြန်မာငွေ ၈၁၁ ကျပ်ဈေး ရှိနေသည်။
“၀န်ထမ်းတွေအားလုံး လစာသုံးသောင်းဆီ တိုးမယ်ဆိုတော့ ဒေါ်လာဈေး နည်းနည်းလေးတက် တယ်။ တဒေါ်လာကို ၈၁၈ ကျပ်လောက်အထိ တက်တယ်။ ရက်ပိုင်းလောက်ပဲ တက်တာ။ အခု ပြန်ကျသွားပြီး ၈၁၁ ကျပ်လောက်ပဲရှိတယ်။ ရက်ပိုင်းအတွင်း ထပ်ကျဖို့များတယ်”ဟု ပြင်ပ နိုင်ငံခြားငွေလဲဒိုင် တဦးက ပြောသည်။

No comments:

Post a Comment