Fourth of July history - http://www.fourthofjulytext.com

Thursday, 15 March 2012


မကြာခင် ပြည်ပခရီး ထွက်နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

2012-03-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဝေးတော့တဲ့ ကာလအတွင်း ပြည်ပခရီးထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ဟောင်ကောင်တက္ကသိုလ်က ချီးမြှင့်တဲ့ ဥပဒေပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံတဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။
National League for Democracy
၂ဝ၁၂ ခုနှစ် မတ်လ ၁ဝ ရက်နေ့က မွန်ပြည်နယ်သို့ ပါတီစည်းရုံးရေးခရီး ရောက်ရှိလာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မော်လမြိုင်မြို့ ကမ်းနားလမ်း စထရင်းဟိုတယ်တွင် ကြိုဆိုနှုတ်ဆက်စဉ်။
ဒေါ်အောင်ဆန်းစုကြည်က မကြာခင်ကာလမှာ ပြည်ပခရီးထွက်ခွာဖို့ အခြေအနေတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ အဲဒီလို အခြေအနေပေးလာရင် အခု ဆုချီးမြှင့်တဲ့ ဟောင်ကောင်တက္ကသိုလ်ကို ခဏတာပဲဖြစ်ဖြစ် လာရောက် လည်ပတ်မှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ဒါ့အပြင် မြန်မာ့အရေးမှာ စိတ်ပါဝင်စား ထောက်ခံကူညီတဲ့အတွက် ဟောင်ကောင်တက္ကသိုလ်ကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်တာဟာ တရား ဥပဒေစိုးမိုးရေးအတွက်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ တရားစီရင်ရေးကဏ္ဍ နှစ်ပေါင်းများစွာ ချွတ်ချော်ပျက်စီးနေတာကြောင့် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ဥပဒေပြဋ္ဌာန်းရေးနဲ့ တရားစီရင်ရေး ခိုင်ခိုင်မာမာဖြစ်ပေါ်လာဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားသွားပါမယ်” လို့ ဗီဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

No comments:

Post a Comment