Fourth of July history - http://www.fourthofjulytext.com

Wednesday, 14 March 2012

မန္တလေးမှာ မဲဆန္ဒရှင်စာရင်း ပြင်ဆင်ကြေညာ

2012-03-14
မန္တလေးမြို့အတွင်း မဲပေးပိုင်ခွင့်ရှိသူစာရင်း မှားယွင်းနေမှုနဲ့ ပတ်သက်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြခဲ့ပြီးတဲ့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းကို ပြန်လည်ပြင်ဆင်ပြီး ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရပါတယ်။
demowaiyen
၂ဝ၁၂ မတ်လ ၃ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ဟောပြောပွဲ ပြုလုပ်စဉ်။
မဲဆန္ဒရှင်စာရင်း မှားယွင်းနေတာတွေနဲ့ ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ကော်မရှင်ဥက္ကဋ္ဌကို မနေ့က သွားရောက် တွေ့ဆုံတင်ပြခဲ့ကြောင်း အဲဒီမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးအုံးကြိုင်က ပြောပါတယ်။
မြို့နယ်ကော်မရှင်က နောက်တိုးစာရင်းနဲ့ ထပ်မံ ကြေညာခဲ့ပေမယ့် ဧည့်စာရင်းနဲ့နေထိုင်သူ ရာနဲ့ချီ ကျန်နေသေးတယ်လို့ သိရပါတယ်။ ကျန်နေသူတွေ မဲပေးခွင့်ရအောင် ထပ်ပြီး တင်ပြသွားမယ်လို့ ဦးအုံးကြိုင်က ဆိုပါတယ်။

No comments:

Post a Comment