Fourth of July history - http://www.fourthofjulytext.com

Tuesday, 13 March 2012

ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ

2012-03-13
အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကချင်ဒေသက စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေအတွက် နောက်ထပ်ငွေ ကျပ်သိန်း ၂၀၀ လှူဒါန်းလိုက်ကြောင်း သိရပါတယ်။
AFP
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကချင်လူထုက ကြိုဆိုနေစဉ်။
အဲဒီ အလှူငွေတွေကို ကချင်ဒုက္ခသည်တွေထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကို တာဝန်ပေးလိုက်ကြောင်း၊ လာမယ့် ၁၅ ရက် ကြာသပတေးနေ့မှာ မြစ်ကြီးနားကို သွားရောက်မှာဖြစ်ကြောင်း ဒေါ်ဝင်းမြမြက အာအက်ဖ်အေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မှာကြားထားတဲ့အတိုင်း အခက်အခဲဆုံးနေရာတွေအထိ အလှူငွေရောက်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

No comments:

Post a Comment