Fourth of July history - http://www.fourthofjulytext.com

Monday, 12 March 2012


ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ

2012-03-12
အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့သလို၊ မနက်ပိုင်းကလည်း ပြည်သူ့လွှတ်တော်တွင်း ဘယ်လို ဆွေးနွေးကြသလဲ ဆိုတာကို သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။
AFP
assk-naypyidaw-b305
မနက်ပိုင်း ပြည်သူ့လွှတ်တော် မစခင် သူရဦးရွှေမန်းနဲ့ တွေ့ဆုံပြီး ပြည်သူ့လွှတ်တော် ကျင်းပနေချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် လာလေ့လာသွားတယ်လို့ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က အာအက်ဖ်အေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူရဦးရွှေမန်းက ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အန်အယ်လ်ဒီပါတီရဲ့မူဝါဒ သဘောထား၊ ရှေ့လုပ်ငန်းစဉ်တွေကို နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကတစ်ဆင့် ထုတ်လွှင့်ဖို့ ရိုက်ကူး အသံသွင်းရေးအတွက် နေပြည်တော်ကို ရောက်နေတာပါ။

No comments:

Post a Comment