ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက တစည ကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ဖျက်
2012-03-09
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး တစည ပါတီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တစည
ပါတီက ပြုလုပ်သည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တွေ့ရသည့်
ပါတီဥက္ကဋ္ဌ ဦးထွန်းရီ။ (Photo: RFA)
ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ကနေ လာမယ့်
ကြားဖြတ် ရွေးကောက်ပွဲအတွက် တစညပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမြင့်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ
(င) နဲ့
ငြိစွန်းနေတယ်ဆိုပြီး ပယ်ဖျက်ခဲ့ကြောင်း တစညပါတီ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။
ဒေါ်စန္ဒာမြင့်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာလည်း လမ်းမတော်မြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အခု ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြချက်ဟာ ခိုင်လုံမှု မရှိတဲ့အပြင် လူပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက် နစ်နာစေပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်စန္ဒာမြင့်က ပြောကြားသွားပါတယ်။

No comments:
Post a Comment