ကြံ့ဖွံ့ကို မဲပေးဖို့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင် ခြိမ်းခြောက်
2012-03-07
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ရမယ်ဆိုပြီး ဒေသခံတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင်ကို အရေးယူပေးဖို့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။
ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ် ပါတီိ (SNDP) ၏ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ရုံးခွဲ
ဖွင့်ပွဲကို ၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo:
Shan Land)
ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်တဲ့တွက် အမြန်ဆုံးနဲ့
အထိရောက်ဆုံးဖြစ်အောင် ဖြေရှင်းပေးဖို့ ကျားဖြူပါတီက တောင်းဆိုချက်ကို
သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း အရေးယူဖြေရှင်းပေးမယ်လို့ ကတိပြု
ပြောကြားကြောင်း
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက
ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်္ဘာ ၁၆ ရက်က ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းက ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်မြို့နယ်တွေမှာ ရွာလုံးကျွတ် အစည်းအဝေးတွေ ခေါ်ယူပြီး တခြားပါတီတွေကို မဲထည့်ရင် နေအိမ်မီးရှို့ခံရမယ်၊ ရွာကနေ နှင်ထုတ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်နေရာနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်နေရာ လစ်လပ်နေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ကျားဖြူပါတီ SNDP၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ အဓိက ယှဉ်ပြိုင်ကြပါမယ်။

No comments:
Post a Comment