Fourth of July history - http://www.fourthofjulytext.com

Friday, 2 March 2012

စိတ်ကြွဆေးပြား လေးသန်း ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ ဖမ်းမိ

2012-03-02
မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်ဒေသ နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းကို စိတ်ကြွဆေးပြား လေးသန်း ခိုးပြီးတင်ဆောင်လာတဲ့ ကားတစ်စီးကို ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းမိကြောင်း ထိုင်းအစိုးရက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
(Photo: AFP)
ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံနယ်မြေတနေရာရှိ ဘိန်းစိုက်ခင်းတခုတွင် ဘိန်းပင်များကို ထိုင်းလူမျိုး လုပ်အားပေးတဦး ဖျက်ဆီးနေသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံက မူးယစ်ဆေးဝါးအများအပြား ထိုင်းနိုင်ငံအတွင်းကို ခိုးယူ တင်သွင်းဖို့ရှိတယ်လို့ ထိုင်း မူးယစ်နှိမ်နင်းရေး အထူးတပ်ဖွဲ့တွေက သတင်းရခဲ့တဲ့အတွက် မြန်မာနိုင်ငံနဲ့ နယ်စပ်အနီးက ကားလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေ ချထားပြီး မနေ့ညက စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့တာပါ။ မနေ့ည ညဥ့်နက်ပိုင်းက ကားတစ်စီးနဲ့ မော်တော်ဆိုင်ကယ်နှစ်စီးဟာ ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ မရပ်ဘဲ မောင်းပြေးခဲ့တာကြောင့် ထိုင်းမူးယစ်တပ်ဖွဲ့တွေက လိုက်လံ ဖမ်းဆီးရာက ကားကို မိခဲ့တာပါ။ ကားမောင်းသမားနဲ့ ဆိုင်ကယ်မောင်းသူတွေကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ဖမ်းဆီးမိတဲ့ ပစ်ကပ်ကားပေါ်မှာ စိတ်ကြွဆေးပြား လေးသန်းကျော် ထည့်ထားတဲ့ အိတ်ပေါင်း ၃၄ အိတ်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment