Fourth of July history - http://www.fourthofjulytext.com

Saturday, 17 March 2012

စနေ, 17 မတ် 2012

အဓမ္မခိုင်းစေမှု ပပျောက်ရေး မြန်မာ ILO လက်မှတ်ထိုး

မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာအစိုးရနဲ့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်တို့အကြား လက်မှတ်ရေးထိုး လိုက်ကြပါတယ်။ ဒီနားလည်မှု စာချွန်လွှာကို မြန်မာအလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းနဲ့ ILO ရန်ကုန်ရုံးက ဆက်သွယ်ရေးအရာရှိတို့ သောကြာနေ့က ရေးထိုးခဲ့ကြတာပါ။
အခုလက်မှတ်ထိုးလိုက်တဲ့ နားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေ ၂၀၁၅ ခုနှစ်မှာ လုံးဝ ပပျောက်သွားအောင် လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနားလည်မှုစာချွန်လွှာ အပြင် မြန်မာအစိုးရနဲ့ ILO အကြား ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းကလည်း နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထားခဲ့ကြပါတယ်။
မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှုနဲ့တွေ ဖြစ်ပေါ်ခဲ့ရင် မြန်မာနိုင်ငံသားတွေအနေနဲ့ ILO ကို တိုင်ကြားနိုင်ရေးဆိုင်ရာ သဘောတူညီချက် ၂၀၀၇ ခုနှစ်မှာ ရရှိခဲ့ထားခဲ့တာပါ။ အဲဒီနောက်ပိုင်း အဓမ္မခိုင်းစေမှုတွေကို ဖော်ထုတ် အရေးယူခဲ့တယ်လို့ အဲဒီအချိန်က အာဏာရခဲ့တဲ့ စစ်အစိုးရဘက်က ပြောဆိုခဲ့ပေမဲ့ အဲဒီ အဓမ္မ ခိုင်းစေမှုတွေကတော့ အောက်ခြေမှာ ဆက်တိုက် ဖြစ်ပေါ်နေခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောက်လျှောက် ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းပိုင်ခွင့်ဆိုင်ရာ ဥပဒေကို လက်ရှိ အစိုးရသစ်က ၂၀၁၁ ခုနှစ်အတွင်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ဥပဒေဟာ အခုနှစ် မတ်လ ၉ ရက်နေ့မှာ စတင် အသက်ဝင်တာ ဖြစ်ပါတယ်။ ILO နဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေအရ ဒီဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။

No comments:

Post a Comment