Fourth of July history - http://www.fourthofjulytext.com

Friday, 24 February 2012

အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော ရခိုင်မျိုးချစ်သူပုန်တဦး ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။         ။ ၂၀၁၁ ခုနှစ် မေလက အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သော ရခိုင်မျိုးချစ် သူပုန်တဦးဖြစ်သူ ကိုမင်းသာထွန်း (၃၇ နှစ်)သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင်
နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ကိုမင်းသာထွန်းမှာ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ NUPA မှ ဒုဗိုလ်တဦးဖြစ်ပြီး စစ်အစိုးရအား အခြေစိုက်
တော်လှန်ရန် ၁၉၉၈ ခုနှစ်က အိန္ဒိယပိုင် အန္ဒမန်ကျွန်းစုရှိ လန်းဖောကျွန်းပေါ်သို့ အရောက်တွင် အိန္ဒိယစစ်တပ်မှ ဖမ်းဆီးခြင်း ခံခဲ့ရသည့် NUPA နှင့် KNU ရဲဘော် ၃၆ ဦးအနက် တဦးအပါအဝင်ဖြစ်သည်။

ကိုလ်ကတ္တားအကျဉ်းထောင်တွင် ၁၃ နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက် ၂ဝ၁၁ ခုနှစ် မေလတွင် အခြားရဲဘော်များနှင့် အတူ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နယူးဒေလီမြို့တွင် ဒုက္ခသည်အဖြစ် နေထိုင်လာခဲ့သည်။
freedomfigher2
နယ်သာလန်နိုင်ငံမှ ဒုက္ခသည်အဖြစ် လာရောက်နေထိုင်ရန် လက်ခံထားပြီးဖြစ်၍ ဇွန်လထဲတွင် ပြောင်းရွှေ့ အခြေချ
နေထိုင်ရန်ရှိစဉ် ယခုကဲ့သို့ ရုတ်တရက် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“တော်လှန်ရေးအပေါ်မှာ စိတ်ထား အပြုသဘောဆောင်ပြီး လူကောင်းတယောက် ဆုံးရှုံးရတဲ့အတွက် ကျနော်တို့ ယူကြုံးမရပါဘူး။ ကျနော်တို့တအားခံစားရပါတယ်” ဟု ကိုမင်းသာထွန်းနှင့် ထောင်ကျဖက် ရခိုင်ခေါင်းဆောင်တဦး
ဖြစ်သူ ကိုဓညလင်းက မဇ္ဈိမကို ပြောသည်။

ကိုမင်းသာထွန်း ကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မကျေးကျွန်းတွင် အဖ ဦးစံရွှေမောင် အမိ ဒေါ်သောင်းမြစိန် တို့မှ မွေးဖွားသည့် ဒုတိယမြောက် သား ဖြစ်သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအတွင်းက အဋ္ဌမတန်း ကျောင်းသား အဖြစ် တက်ကြွစွာ ပါဝင်ခဲ့ပြီး စစ်အာဏာ သိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် NUPA တပ်မတော်သို့ ဝင်ရောက် ခဲ့သည်။ ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဆက်သွယ်ရေး-လူထုဆက်ဆံရေးနှင့် စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ကိုမင်းသာထွန်း၏ သရဏဂုံတင်ပွဲနှင့် ဈာပန အခမ်းအနားကို နယူးဒေလီရှိ မြန်မာ့ရိပ်သာ ခန်းမ၌ သောကြာနေ့
နေ့လည် ၂ နာရီတွင် ကျင်းပခဲ့ပြီး မြန်မာ့ဒီမိုကရေစီအင်အားစု တရာကျော် တက်ရောက်ခဲ့ကြသည်။

ကိုမင်းသာထွန်း၏ ရုပ်ကလာပ်အား ညနေ ၃ နာရီ ၃ဝ မိနစ်တွင် မီးသင်္ဂြိုလ်ခဲ့သည်။

No comments:

Post a Comment