ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ သတင်းစာရှင်းလင်းပွဲ ဆန္ဒပြသူ နှောင့်ယှက်
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ်ဇိုးလစ် (Robert Zoellick)
ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ဒေါသထွက်နေတဲ့ ဆန္ဒပြသူတစ်ယောက် က ၀င်ရောက်
နှောက်ယှက် ခဲ့ပါတယ်။
ဒီကနေ့ ဘဂျင်းမြို့တော်မှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ်ဇိုးလစ် (Robert
Zoellick) ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ဒေါသထွက်နေတဲ့ ဆန္ဒပြသူတစ်ယောက် က
ဝင်ရောက် နှောက်ယှက် ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်က ကမ်းလှမ်းတင်ပြထားတဲ့
တရုတ်နိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေကို မကျေမနပ်ဖြစ်နေတဲ့
အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသူ ဒူဂျင်ဂေါင်း (Du Jianguo) အမည်ရှိ
တရုတ်အမျိုးသားတစ်ဦးက မစ္စတာ ဇိုးလစ် စတင်စကားပြောချိန်မှာ ပရိဿတ် ထဲကနေ
ခုန်ထွက် လာပြီး ဒေါသနဲ့ မကျေမနပ်အော်ဟစ်ပြောဆိုရင်း ကမ္ဘာ့ဘဏ်ရဲ့
တရုတ်နိုင်ငံအတွက် အစီအစဉ်တွေဟာ အဆိပ်အတောက်တွေဖြစ်တယ် လို့ ရေးသားထားတဲ့
လက်ကမ်းစာရွက်တွေကိုလည်း ဝေငှပေးခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်က တောင်းဆိုထားတဲ့ တရုတ်ရဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိက ပိုင်လုပ်ရေးဆိုတာဟာ ဒီလုပ်ငန်းတွေမှာ အနောက်နိုင်ငံကုမ္ပဏီကြီးတွေကို ကမ္ဘာ့ဘဏ်က ပါဝင်လာစေချင်လို့ဖြစ်ပြီးတော့၊ တရုတ်ကုမ္ပဏီတွေကို တရုတ် စီးပွားရေးနယ်ပယ်ကနေ ဖယ်ရှင်းထုတ်ရေးမှာ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေကို ကမ္ဘာ့ဘဏ်က ကူညီချင်လို့ ဖြစ်တယ်လို့ သူက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

No comments:
Post a Comment