Fourth of July history - http://www.fourthofjulytext.com

Monday, 27 February 2012

 တနင်္လာ, 27 ဖေဖော်ဝါရီ 2012

ယူနန် မိုးခေါင်မှု လူ သုံးသန်းကျော် သောက်ရေပြတ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်နယ်ထဲက စိုက်ပျိုးမွေးမြူရေးကို အားထားနေရတဲ့ ဒေသခံ သုံးသန်းကျော်ဟာ သုံးနှစ်ဆက်တိုက် မိုးခေါင်ရေရှားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာမို့ သောက်သုံးရေ ရဖို့တောင်အခက်တွေ့နေရတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
ယူနန်နယ်ထဲက သစ်တောမြေ ဟက်တာ တစ်သိန်းသုံးသောင်း ကျော်ဟာ အခုလောလောဆယ်မှာ တောမီး လောင်ကျွမ်းမှုနဲ့ ရင်ဆိုင်နေရသလို  တောမီး အန္တရာယ် အခြေအနေ ပိုပြီး ဆိုးရွားလာနိုင်တာ တွေ့နေရတဲ့ အပြင် ကောက်ပဲသီးနှံ ဟက်တာ သိန်းကျော်ဟာလည်း ရေကောင်းကောင်း မရတဲ့အတွက် ညှိုးခြောက် လာနေတယ်လို့  ယူနန်အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး တရုတ်အစိုးရ သတင်းတွေမှာ ဖော်ပြကြပါတယ်။
Weishan ပြည်နယ်ထဲက Xihe မြစ်ပြင် ခြောက်သွေ့နေတာကို တရုတ်နိုင်ငံက ရုပ်မြင်သံကြားတွေမှာ ပြနေပါတယ်။ ဒေသတွင်းက ရွာတစ်ရွာမှာရှိတဲ့ မွေးမြူရေး တောင်သူ သုံးပုံတစ်ပုံလောက်ဟာ သူတို့ မွေးမြူထားတဲ့ ကြက် ဘဲ ၀က်တွေကို ရေကောင်းကောင်း မတိုက်နိုင်တဲ့အတွက် ရောင်းပစ်ခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းက ရေလှောင်ကန် အသေး ၄၀၀ ကျော်လောက်မှာ ရေခန်းနေသလို မြစ်ချောင်းငယ်လေးပေါင်း ၂၄၀ လောက်ဟာလည်း ရေမရှိကြဘူးလို့ မိုးခေါင်ရေရှားမှု ဆိုင်ရာ ကယ်ဆယ်ကူညီရေး အရာရှိတွေက ပြောပါတယ်။

No comments:

Post a Comment