Fourth of July history - http://www.fourthofjulytext.com

Saturday, 25 February 2012

စနေ, 25 ဖေဖော်ဝါရီ 2012

ယီမင်မှာ အသေခံတိုက်ခိုက်မှုကြောင့် ၂၆ ဦး သေဆုံး

တောင်ပိုင်းယီမင်မှာရှိတဲ့ သမ္မတ အိမ်တော်ဝန်းအပြင်ဘက်မှာ ကားထောင်ဗုံးတစ်လုံးပေါက်ကွဲတာကြောင့် လူပေါင်း ၂၆ ဦး သေဆုံးသွားပါတယ်။ နှစ်ပေါင်းများစွာ ယီမန်နိုင်ငံ သမ္မတဖြစ်ခဲ့တဲ့ အက်ဒ်ရာဘူ မန်ဆော် ဟာဒီ (Abd-Rabbu Mansour Hadi) ဟာ ယီမန်နိုင်ငံ ခေါင်းဆောင်သစ်အဖြစ် ကျမ်းသစ္စာဆိုခဲ့တဲ့ နာရီပိုင်းအတွင်းမှာ အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ သေဆုံးတဲ့အရေအတွက်ဟာ တိုးလာနိုင်တယ်လို့ ယီမင် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီအရပ်ဟာ မြို့တော် ဆာနား ကနေ မိုင် ၂၅၀ လောက် အကွာမှာ တည်ရှိတာပါ။
ဒါဟာ နိုင်ငံအတွင်း တောင်ပိုင်းမှာ ခွဲထွက်ရေးသူပုန်တွေ၊ မြောက်ပိုင်းမှာ ရှီးအိုက် သူပုန်တွေနဲ့ အယ်လ်ခိုင်းဒါးတွေ ရှိနေတယ်ဆိုတာ သမ္မတအသစ်ကို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။
မစ္စတာ Hadi သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကို ပါလီမန်လွှတ်တော်မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။ သူက နိုင်ငံကို ရုပ်သံကနေ မိန့်ခွန်းပြောဆိုရာမှာ အယ်လ်ခိုင်းဒါး အဖွဲ့ကို ဆက်လက် ဆန့်ကျင်တိုက်ပွဲဝင်ဖို့နဲ့ နေအိမ်တွေကနေ ထွက်ပြေး တိမ်းရှောင်နေရသူတွေ၊ ကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ ဆောင်ရွက်မယ် ဆိုပြီးတော့ ကတိပြုလိုက်ပါတယ်။
မစ္စတာ Hadi ဟာ အခုသီတင်းပတ်အတွင်း တကိုယ်တော် သမ္မတရွေးကောက်ပွဲမှာ ဆန္ဒမဲ ၉၉ % ကျော်နဲ့ ရွေးကောက်တင်မြှောက် ခံခဲ့ရပါတယ်။ ဒါဟာ သူ့ကို ၂ နှစ်တာ နိုင်ငံရဲ့ အသွင်ကူးပြောင်းမှုကာလကို ကြီးကြပ်ဖို့ တာဝန် ပေးအပ်လိုက်တာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment