Fourth of July history - http://www.fourthofjulytext.com

Thursday, 23 February 2012

မြစ်ကြီးနားမြို့မှာ သတင်းထောက်တွေ အင်တာနက်သုံးဖို့ အခက်တွေ့

2012-02-23
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်နေစဉ်အတွင်း မြစ်ကြီးနားမြို့မှာ အင်တာနက်ဆိုင်တွေ ပိတ်ထားပြီး အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် လိုက်ပါ သတင်းယူနေကြတဲ့ ပြည်တွင်း ပြည်ပသတင်းထောက်တွေ မိခင်သတင်းဌာနကို သတင်းပြန်ပို့ဖို့ အခက်ကြုံနေကြရပါတယ်။
မြစ်ကြီးနားမြို့ထဲမှာ လိုက်လံ မေးမြန်းကြည့်တဲ့အခါ အင်တာနက်ဆိုင် လေးဆိုင်က ပိတ်ထားကြောင်း၊ ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တဲ့အချိန်မှာတော့ မိမိတို့ သတင်းထောက်မှန်းသိတဲ့အခါ အသုံးပြုခွင့် မပေးကြောင်း သတင်းထောက်တစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ နိုင်ငံခြားသား သတင်းထောက်တွေအပါအ၀င် ပြည်တွင်း ပြည်ပသတင်းဌာနက သတင်းထောက် ၄၀ နီးပါးလောက် လိုက်ပါ သတင်းယူနေကြတယ်လို့ ဆိုပါတယ်။ မနေ့ညက ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားကို ရောက်လာကြတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ မြစ်ကြီးနားမြို့ မနောကွင်းမှာကျင်းပတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗန်းမော်မြို့မှာ လူထုနဲ့တွေ့ဆုံ ဟောပြောမှာဖြစ်ပြီး ၈၈ ကျောင်းသား ခေါင်းဆောင်တွေကတော့ ဧရာဝတီမြစ်ဆုံဘက်ကို သွားရောက်ကြမယ်လို့ သိရပါတယ်။

No comments:

Post a Comment