Wednesday, 18 January 2012
KIO နှင့် အစိုးရ ပြည်ထောင်စုအဆင့် ဆွေးနွေးတော့မည်
ရက်ပိုင်းအတွင်း အစိုးရနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံ ဆွေးနွေးမည်ဟု ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က ယနေ့ ပြောလိုက်သည်။
ဆွေးနွေးပွဲကို တရုတ်နိုင်ငံ
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး တွေ့ရသည့် KIO/KIA အမျိုးသမီး စစ်သည်များ (ဓာတ်ပုံ - ဧရာဝတီ)
ရွှေလီမြို့၌ ပြုလုပ်ဖွယ်ရှိသည်ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
KIO က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း “ငြိမ်းချမ်းရေး ရရှိနိုင်ရန် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု မိမိတို့ KIO က ယုံကြည်ပါသည်” ဟု ရေးသားထားသည်။
KIO ဒေသ တိုက်ပွဲများ ၈ လခန့်ကြာလာသည့် အချိန်တွင် စစ်ပြေး ဒုက္ခသည် ၆ သောင်းခန့် ပေါ်ပေါက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
နေပြည်တော်က စေလွှတ်မည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တွင် ဦးအောင်သောင်း၊ ဦးအောင်ကြည်၊ ဦးသိန်းဇော်တို့ ပါဝင်မည်ဟု သိရကြောင်း ဦးလနန်က ပြောသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့က ပြည်နယ်အဆင့် ဆွေးနွေးခဲ့ပြီးနောက် ယခု ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ စတင်တော့မည် ဟူသော ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မကြာသေးမီက ထောင်မှ ပြန်လွတ်လာသည့် ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း “ပြည်တွင်း ငြိမ်းချမ်းရေးဟာ ကျနော်တို့ အတွက် အရေးကြီးတဲ့ အဓိက လုပ်ငန်းစဉ် အဖြစ် ကျနော်ကတော့ ခံယူထားတယ်” ဟု ပြောဆိုခဲ့သည်။
အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြီးခဲ့သည့်နှစ် သြဂုတ်လဆန်းပိုင်းက ကမ်းလှမ်းခဲ့သည်။
ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း နယ်စပ်ဒေသ တိုင်းရင်းသား နယ်မြေ အများအပြားတွင် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် နေပြည်တော် အစိုးရကို နိုင်ငံတကာက ချီးကျူးနေကြသည်။
KIO/KIA အား တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရန် မကြာသေးမီက သမ္မတ၏ ညွှန်ကြားချက် ထွက်ပေါ်လာသော်လည်း စစ်တပ်က လိုက်နာခြင်း မရှိသေးပေ။
“အခုအချိန်အထိ သူတို့တပ် လှုပ်ရှားမှု စစ်ဆင်ရေး ရှိတော့ တိုက်ပွဲတွေ ဖြစ်နေတာပဲ” ဟု ဦးလနန်က ပြောသည်။
Labels:
MYANMAR NEWS
Subscribe to:
Post Comments (Atom)

No comments:
Post a Comment