Fourth of July history - http://www.fourthofjulytext.com

Tuesday, 17 January 2012

ကချင်ဒေသ အတွင်း တိုက်ပွဲများအဆက်မပြတ်နေ့ စဉ်ဖြစ်ပွား

Sunday, January 15, 2012 ဇန်န၀ါရီ (၁၅)ရက် ၂၀၁၂ ဇန်န၀ါရီ(၁၃)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန်ခန့်  ကေအိုင်အေ တပ်မဟာ(၂)နယ်မြေ လောက်အောင်ကောင်(Lawt Awng Kawng) ဘန်ဒေါင် (Ban Dang) ဒေသဘက်သို့ စစ်ကြောင်းထိုး တက်လာသော မြန်မာအစိုးရတပ် ခလရ(၁၄၁) ခမရ(၃၈၂) ပူးပေါင်းစစ်ကြောင်း အင်အားတစ်ရာကျော်ခန့် အား ကေအိုင်အေ တပ်ရင်း(၅)တပ်ဖွဲ့ ဝင်များမှ မုဒူပရမ်(Mu Du Prang) တွင် စောင့်ကြိုတိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။ တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ (၂)ဦးကျဆုံး(၃)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ ဇန်န၀ါရီ(၁၄)ရက် နေ့ လည်(၁း၀၀)နာရီခန့် တွင် ကေအိုင်အေ တပ်မဟာ(၃) နယ်မြေဘက်တွင် ရောက်ရှိနေသော မြန်မာအစိုးရတပ် တပ်မ(၈၈) လက်အောက်ခံ တပ်ဖွဲ့ များသည် ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ရောက်ရှိစခန်းချနေရာ ယိန်းဖန်ခက်( Ying Hpan Hkyet)ဒေသ ဘက်သို့  (၁၂၀)မမ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ထည့်ကာ တိုက်ခိုက်နေကြောင်း သိရှိရသည်။ အဆိုပါဒေသ လွိုင်ယိမ်း(Loi Ying) သို့ ဗန်းမော်ဘက်မှတက်လာသော အစိုးရ စစ်ရဟတ်ယာဉ်တစ်စီး ၀င်ရောက်လာကာ အတန်ကြာလှည့်လည်ပျံသန်းနေပြီး လာလမ်းအတိုင်း ပြန်လှည့်သွားကြောင်း ထပ်မံ သိရှိရသည်။ ဇန်န၀ါရီ (၁၄)ရက် မနက်(၆း၀၀)နာရီအချိန်ခန့် ကေအိုင်အေ တပ်မဟာ(၂) နယ်မြေဘက်သို့ စစ်ကြောင်းထိုးကာ ရောက်ရှိနေသော မြန်မာအစိုးရတပ် ခလရ(၁၄) ခမရ(၃၈၂) ခမရ(၃၈၄) ပူးပေါင်း တပ်ဖွဲ့ အင်အား (၆၀)ခန့် အား ကေအိုင်အေ တပ်ရင်း(၅) ဆနိုက်ပါ တပ်ဖွဲ့ဝင်များမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ (၁)ဦးသေ (၁)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဇန်န၀ါရီ (၁၄)ရက် မနေ့ က ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ ဒေါ့ဖုန်းယန်ဒေသ တွင် စခန်းထိုင် ထားသော မြန်မာအစိုးရတပ် ခလရ(၁၄၂)တပ်ရင်းတို့ သည် (၁၂၀)မမ လက်နက်ကြီးများကို အသုံးပြုကာ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ရှိနိုင်မည်ထင်သော ခလားတောင်(Hka La)နှင့် တိန်းယန်ဒေသ( Ting Yang) ဘက်သို့  လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ထည့်ကာ တိုက်ခိုက်နေကြောင်း သိရှိရသည်။

No comments:

Post a Comment